Evil Google ရဲ့ Web Environment Integrity ဆိုတဲ့ဟာကြီးသာ တကယ်ဖြစ်လာရင်တော့ အင်တာနက်က ရေဆုံမြုပ်ပြီပဲ။ သူ့အကျိုးစီးပွားကိုထိခိုက်တဲ့ Ad blocker တွေကိုသတ်ချင်တာနဲ့ အကုန်လိုက်ပိတ်ပင်နေတာ Google က တစ်နေ့ထက်တစ်နေ့ပိုစိတ်ပျက်ဖို့ကောင်းလာတယ်။
Google ရဲ့ product တွေနဲ့ကင်းအောင်နေဖို့ လွန်ခဲ့တဲ့နှစ်တွေတည်းက တဖြည်းဖြည်းနဲ့အဆက်ဖြတ်လာတာ အခုနောက်ဆုံး YouTube နဲ့ Google Maps ကျန်သေးတယ်။ Google Maps ကို #OpenStreetMap နဲ့ အစားထိုးလို့ရပေမယ့် YouTube ကိုအစားထိုးဖို့ကျ #PeerTube က မလုံလောက်သေးတော့ ခက်တာပဲ။
Google ရဲ့ အခုလိုအင်တာနက်ကို လက်ဝါးကြီးအုပ်တာတွေ ထပ်ဖြစ်မလာဖို့အတွက် Average user တစ်ယောက်ချင်းစီတိုင်းက Google ရဲ့ product တွေကို တတ်နိုင်သမျှမသုံးဖို့ပြောပြချင်ပေမယ့်...
တွေ့ရသလောက်က Google ပိုင်တဲ့ဟာတွေကိုတောင် ဘာတွေမှန်းမသိတဲ့အပြင် Chrome ပဲ Browser ထင်တဲ့သူရယ်၊ Gmail နဲ့ Email မကွဲတဲ့သူရယ်။
တချို့သိတဲ့သူတွေကျတော့လည်း "ဘာလို့ပြောင်းသုံးရမှာလဲ? ဒါနဲ့အဆင်ပြေနေတာပဲကို" ဆိုတော့ နောင်လည်း ဒီလိုနည်းပညာကုမ္ပဏီကြီးတွေရဲ့လူပါးဝတာတွေ ထပ်ခံရဦးမှာ သေချာသလောက်ပါပဲ :)